Form သို့ သွားရန်
ToolsBusiness Context ProfileFREE TOOL

သင့်လုပ်ငန်းကို ရှင်းရှင်းလင်းလင်း သိစေဖို့

Business Context
Profile Builder.md

လုပ်ငန်းအမျိုးအစားရွေးပါ။ သင့်လုပ်ငန်းနဲ့သက်ဆိုင်တဲ့ မေးခွန်းတွေကို ဖြည့်ပြီး Markdown ဖိုင်ကို ယူသွားပါ။

ဖြည့်ထားတဲ့အဖြေတွေကို ဒီ Tool က Server ဆီ မပို့၊ မသိမ်းပါ။ အမျိုးအစားတစ်ခုချင်းစီရဲ့ Draft ကို ဒီ Browser ဖွင့်ထားစဉ်မှာပဲ ထိန်းထားပါတယ်။ ပိတ်/Reload လုပ်ရင် ပျောက်နိုင်လို့ .md ဖိုင်ကို Download လုပ်ထားပါ။ Password၊ ကတ်အချက်အလက်နဲ့ ဖောက်သည်ရဲ့ အရေးကြီးကိုယ်ရေးအချက်အလက်တွေ မထည့်ပါနဲ့။

အရင်ဆုံး ရွေးပါ

သင့်လုပ်ငန်းအမျိုးအစားက ဘာလဲ။

အမျိုးအစားပြောင်းလည်း အရင် Draft ကို မဖျက်ပါ။ ပြန်ရွေးရင် ပြန်တွေ့နိုင်ပါတယ်။ Download ဖိုင်မှာ ရွေးထားတဲ့အမျိုးအစားနဲ့ လုပ်ငန်းပိုင်းအဖြေတွေပဲ ပါဝင်ပါမယ်။

လုပ်ငန်းအမျိုးအစားတစ်ခုကို ရွေးလိုက်တာနဲ့ သက်ဆိုင်တဲ့ Context Form ပေါ်လာပါမယ်။

ဒီဖိုင်ကို ChatGPT Project မှာ ဘယ်လိုသုံးမလဲ။

စတင်သုံးနည်း၊ Copy လုပ်နိုင်သည့်ညွှန်ကြားချက်နဲ့ အလုပ်ခိုင်းနည်းများ

ဖိုင်ကို စစ်ပြီး Project ထဲ တစ်ကြိမ်ထည့်ထားပါ။ နောက်အလုပ်တွေကို အဲဒီ Project ထဲမှာပဲ ဆက်မေးပါ။

  1. ဖိုင်ကို အရင်စစ်ပါ။

    ဈေးနှုန်း၊ မူဝါဒနဲ့ ယူဆချက်တွေကို ခွဲထားသလား စစ်ပြီး Download .md ကိုနှိပ်ပါ။ Password၊ ငွေပေးချေမှုအချက်အလက်၊ Customer ရဲ့လျှို့ဝှက်အချက်အလက်ကို မတင်ပါနဲ့။

  2. ChatGPT မှာ သင့်လုပ်ငန်း Project ကို ဖွင့်ပါ။

    ရှိပြီးသားကို သုံးနိုင်ပါတယ်။ အသစ်ဆို Sidebar က New project ကိုရွေးပြီး လုပ်ငန်းအမည်ပေးပါ။

  3. ဖိုင်ကို Project ရဲ့ Sources / Files ထဲထည့်ပါ။

    Add source သို့မဟုတ် ဖိုင်ထည့်ခလုတ်ကနေ တင်ပါ။ .md ကို လက်မခံရင် စာသားမပြောင်းဘဲ .txt မိတ္တူသိမ်းပြီးတင်ပါ၊ သို့မဟုတ် Copy .md ကရတဲ့စာသားကို Project source အဖြစ် Paste ထည့်ပါ။ File အမျိုးအစား လမ်းညွှန်

  4. Project အတွက် ညွှန်ကြားချက်ထည့်ပါ။

    Project ရဲ့ ••• → Project settings ထဲက Instructions နေရာမှာ အောက်ပါစာကို Copy/Paste လုပ်ပြီး သိမ်းပါ။ ခလုတ်အမည်နဲ့ ရရှိနိုင်မှုက App၊ Plan၊ Workspace အလိုက် ကွာနိုင်ပါတယ်။

Project ဖွင့်ခြင်း၊ Sources နဲ့ Instructions နည်းလမ်းကို OpenAI ၏ Projects လမ်းညွှန် မှာ ထပ်စစ်နိုင်ပါတယ်။

အရင် ဖိုင်အမည်ကို ပြင်ပါ[သင့်ဖိုင်အမည်.md]

အရင်လုပ်ငန်းအမျိုးအစားရွေးပြီး ဖိုင်ယူပါ။ လောလောဆယ် Copy လုပ်မယ်ဆိုရင် [သင့်ဖိုင်အမည်.md] ကို သင်တကယ်တင်မည့် ဖိုင်အမည်နဲ့ အစားထိုးပါ။

စသုံးတဲ့အခါ တစ်ကြိမ်စစ်ပါ

အောက်ကမေးခွန်းကို Project ထဲက Chat အသစ်မှာ ပို့ပါ။ ပြန်ရှင်းပြတဲ့အချက်တွေကို သင့်ဖိုင်နဲ့ နှိုင်းစစ်ပါ။

နေ့စဉ်အလုပ်အတွက် မေးလို့ရတဲ့နမူနာ

လိုချင်တဲ့အလုပ်ကို ရွေးဖွင့်ပါ။ [ ] ထဲကနေရာတွေကို ကိုယ့်အချက်အလက်နဲ့ အစားထိုးပါ။

Marketing — ၇ ရက်စာ အစီအစဉ်

Customer မေးခွန်းကို ပြန်ဖြေရန်

အလုပ်လုပ်ပုံအဆင့်ဆင့် (SOP) ရေးရန်

နောက်တစ်ခါသုံးရင်

  • ဖိုင်ကို Project source အဖြစ် ထည့်ထားပြီး ရရှိနိုင်သေးရင် အဲဒီ Project ထဲက Chat အသစ်တိုင်းမှာ ပြန်တင်နေစရာ မလိုပါ။ ဖိုင်အချက်အားလုံးကို အမြဲမှန်မှန်မှတ်မိမယ်လို့တော့ မယူဆပါနဲ့။
  • Project ပြင်ပက Chat မှာ ဒီဖိုင်အကြောင်း အမြဲသိမယ်လို့ မယူဆပါနဲ့။ အရေးကြီးတဲ့ ဈေးနှုန်း၊ ရရှိနိုင်မှုနဲ့ မူဝါဒကို လူကပြန်စစ်ပါ။
  • အချက်အလက်ပြောင်းရင် ဖိုင်ရက်စွဲနဲ့ Version ပြင်ပြီး ဖိုင်အသစ်ကို Project ထဲထည့်ပါ။ အဟောင်းကို ကိုယ့်စက်မှာသိမ်းထားပြီး Project ထဲက အသုံးမပြုတော့တဲ့ဖိုင်ကို ဖယ်ပါ။ Instructions ထဲက ဖိုင်အမည်ကိုလည်း ပြင်ပါ။
  • Project ကို Share လုပ်ထားရင် ဖိုင်ကို ဘယ်သူတွေမြင်နိုင်သလဲ စစ်ပါ။ မမျှဝေလိုတဲ့အချက်အလက်ကို မတင်ပါနဲ့။

ဒီ Builder က ChatGPT ထဲကို အလိုအလျောက် Upload မလုပ်ပါ။ ဖိုင်နာမည်ပေးထားရုံနဲ့ ChatGPT က အလိုအလျောက်ဖတ်မယ်လို့ မယူဆပါနဲ့။ ကိုယ်တိုင် Source ထည့်ပြီး အပေါ်ကစစ်ဆေးမေးခွန်းနဲ့ အရင်စမ်းပါ။